စားတော်ပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလမှ ဧပြီလအထိထွက်ပေါ်လေ့ရှိသည်။ ဇူလိုင်လ ဒုတိယပတ်တွင် မန္တလေးကုန်စည်သို့ စားတော်ပဲကို ကနေဒါနှင့် ကျွန်းပဲများဝင်ရောက်မှုရှိပြီး ပစ္စည်းအဝင်နည်းကာ ဝယ်လိုအားများနေကြောင်း၊ အရောင်းအဝယ်သွက်ပြီး ဈေးတက်လာကြောင်း သိရသည်။
စားတော်ပဲ(ကနေဒါ) ၅၉.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၄၄၀၀၀၀ ကျပ် မှ ၄၄၅၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၄၁၀၀၀၀ ကျပ်၊ ယခင်လ ကျပ် ၃၇၅၀၀၀ မှ ၃၈၀၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၃၀၀၀၀ ကျပ် မှ ၃၅၀၀၀ ကျပ်၊ ယခင်လထက် ၆၅၀၀၀ ကျပ် မှ ၉၅၀၀၀ ကျပ် မြင့်တက်လာသည်။
စားတော်ပဲ(ကျွန်း)၅၉.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၅၂၀၀၀၀ ကျပ် မှ ၅၃၀၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၄၉၅၀၀၀ ကျပ် မှ ၅၂၀၀၀၀ ကျပ်၊ ယခင်လ ၄၈၀၀၀၀ ကျပ်မှ ၅၀၀၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀၀၀ ကျပ် မှ ၂၅၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၃၀၀၀၀ ကျပ် မှ ၄၀၀၀၀ ကျပ် မြင့်တက်လာသည်။
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး